ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသောင်းဒန်ဦးနှင့်အဖွဲ့၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ပြည့်ပြည့်ဖြိုးနှင့် အဖွဲ့သည် (၂၀.၈.၂၀၂၅) ရက်နေ့နံနက်(၉)နာရီမှနေ့လည်(၁၂)နာရီ အထိသက်ကြီးရွယ်အို ဘိုးဘွား(၁၆)ဦးတို့အား သွေးတိုးရှိသူတိုင်းသိထားသင့်သော အယူအဆအမှားများအကြောင်း အသိပညာပေး ဟောပြော၍ စုစုပေါင်း(၃၅)ဦး တို့အား တိုင်းရင်းဆေးဖြင့်ကျန်းမာ ရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။