တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၂၀.၈၂၀၂၅ရက်နေ့ တွင် မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်တင်နွယ်နွယ်ဝင်း၊ ရုံးအကူ ဦးစောနိုင်ဝင်းထွေး၊ မြို့နယ်ဆေးဆရာအသင်းတို့နှင့်ပူးပေါင်းပြီးသာယာဝတီမြို့ အောင်ချမ်းသာဘုန်းတော်ကြီး သင်စာသင်ကျောင်းသို့ကွင်းဆင်းခဲ့ရာ အအေးမိ၊နှာစေး၊ ချောင်းဆိုးရောဂါ အကြောင်းနှင့် ဆောင်ရန်၊ရှောင်ရန် အကြောင်းဟောပြောဆွေးနွေးပြီး ကျောင်းသား/ကျောင်းသူများမှ အပြန်အလှန်မေးခွန်းများမေးခြင်းကို ဖြေကြားပေးပြီး ဆုများပြန်လည်ချီးမြှင့်ခဲ့ပါသည်။ဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၀၀ဦးတက်ရောက်ခဲ့ပါသည်။ ဆက်လက်၍ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ရာ ကျား ၈၉ဦး၊မ၆၃ဦး စုစုပေါင်း၁၅၂ ဦးကိုကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။