ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့တိုင်းရင်းဆေးကုဌာနမှ ၁၉.၈.၂၀၂၅ ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဉီးအောင်ဟိန်းသူ ဦးဆောင်သောကွင်းဆင်းအဖွဲ့သည် စင်မကော်ကျေးရွာ စိတ္တသုခဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျေးရွာသူ ကျေးရွာသား ကျား (၁၄)ဦး မ(၂၁)ဦး စုစုပေါင်း(၃၅)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။