ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရုံးချုပ်နှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တိုင်းဦးစီးဌာနမှူးတို့၏ လမ်းညွှန်မှုဖြင့် ဒက္ခိဏခရိုင် အေလာ၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ၁၉. ၈. ၂၀၂၅)ရက်၊ အင်္ဂါနေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သန္တာဝင်းသည် ("အေလာ ကျေးရွာအုပ်စု၊ ဆင်စုကျေးရွာ" သို့ သွားရောက်၍ ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်ခဲ့ရာ လူနာဦးရေ စုစုပေါင်း ၄၃ ဦးကို တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး အများဆုံးကုသပေးခဲ့သောရောဂါမှာ အရိုးအဆစ်ရောင် ရမ်းနာ (ဒူ၊ ခါး၊ဇက်)ရောဂါဖြစ်ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။