ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် တိုင်းရင်းဆေးကုဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၄)အခြေခံ ပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ ၁၉.၈.၂၀၂၅ ရက်နေ့တွင် စာဖတ်ရှိန်မြင့်မားရေးလှုပ်ရှားမှု ကျပန်းစကားပြောပြိုင်ပွဲကို အဆိုပါကျောင်း သံလွင်ခန်းမဆောင်၌ ကျင်းပခဲ့ရာ မြို့နယ်တိုင်းရင်းဆေးမှူးက အမှတ်ပေးဒိုင်အဖြစ် ဌာနဆိုင်ရာပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီး မြို့နယ်တိုင်းရင်းဆေးမှူးနှင့်အဖွဲ့က ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၆၃)ဦးအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။