တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးဌာနမှူး၊ ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၁၉-၈-၂၀၂၅) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဆွေဇင်လတ်သည် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးတို့ဖြင့် ပူးပေါင်း၍ သုခကာရီဘိုးဘွားရိပ်သာသို့သွားရောက်၍ ဘိုးဘွား ကျား (၁၂)ဦး၊ မ (၂၈)ဦး၊ စုစုပေါင်း (၄၀)ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက် မှုများ ပေးခဲ့ပါသည်၊၊
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။