ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ (၁၄-၈-၂၀၂၅) ရက်နေ့တွင် ကျောင်းစု(အ-မ-က) စာသင်ကျောင်း၌ ကွင်းဆင်းဆေးကုသခဲ့ရာ ကျား (၁၇)ဦး၊ မ (၁၁)ဦး၊ လူနာစုစုပေါင်း (၂၈)ဦးအား ဆေးကုသပေးခဲ့ပြီး “ရာသီတုပ်ကွေး ရောဂါအကြောင်းကို” လူဦးရေ (၂၅)ဦးအား ကျန်းမာရေးအသိပညာပေး ဟောပြောခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။