ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပင်လောင်းကြီးအရှေ့ရွာ သို့သွားရောက်၍ (၁၈-၈-၂၀၂၅) ရက်နေ့တွင် ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တောင်ကြီး(အေးသာယာ) ခုတင်၅၀ဆံ့ တိုင်းရင်းဆေးရုံ နှင့် ကလောခရိုင် ပြည်သူ့ဆေးရုံတို့မှ သမားတော်များ၊ ပင်လောင်းမြို့နယ်၊ တီကျစ်မြို့နယ် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းခဲ့ရာ ဒေသခံတိုင်းရင်းသား ၂၃၅ ဦးအား တိုင်းရင်းဆေး ဖြင့် ကျန်းမာရေးစောင့်ရှောက်ခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။