the republic of the union of myanmar

ministry of health

Department of Traditional Medicine

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့ (၂၅)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့ (၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ  (၁၈-၈-၂၀၂၅) ရက်‌နေ့တွင် ဆေးရုံအုပ် ဦးညီညီမောင် ဦးဆောင်၍ ဒုတိယ‌ဆေးရုံအုပ် ဒေါ်ကျင်လှ၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်နွယ်နီဦးနှင့် ညောင်ဦးခရိုင်တိုင်းရင်းဆေးကုဌာန ခရိုင် တိုင်းရင်းဆေးမှူး ဦးတင်စိုးတို့ ပူးပေါင်းပါဝင်သောအဖွဲ့သည် ညောင်ဦးမြို့၊ ရွှေဥမင် ဘုန်းတော်ကြီးသင်ပညာ‌ရေးကျောင်းသို့သွားရောက်၍ ကျောင်းကျန်းမာရေး ဆေးကုသ‌မှုများ ဆောင်ရွက်ပေးခဲ့ရာ  စုစုပေါင်း လူနာ (၅၈)ဦးအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပြီး ခရိုင်တိုင်းရင်း ဆေးမှူး ဦးတင်စိုးမှ လူဦးရေစုစုပေါင်း (၁၁၀) ဦးအား ‌“ကျောင်းကျန်းမာရေးတိုင်းရင်းဆေး” ခေါင်းစဉ်ဖြင့် ကျန်းမာရေးအသိပညာပေးဟောပြော ခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း