the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးပညာရပ်ဆိုင်ရာစွမ်းရည်မြင့်မားရေးသင်တန်း (အကြောပညာ) ၂/၂၀၂၅ သင်တန်းဆင်းပွဲ

အခမ်းအနားသို့ တိုင်းရင်းဆေးပညာဦးစီးဌာန ကုသရေးဌာနမှ  ညွှန်ကြားရေးမှူး၊ သင်တန်းနည်းပြ ဆရာကြီး၊ ဆရာမကြီးများ၊  မြန်မာနိူင်ငံတိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူ များနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်း ဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဦးစီးဌာနမှူး၊ ခရိုင်တိုင်းရင်းဆေးမှူးများ၊ ဆေးရုံအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ အလုပ်သင်ဆရာ၊ ဆရာမများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြပါသည်။

ဆက်လက်ပြီး အခမ်းအနားတွင် တိုင်းရင်းဆေးပညာဦးစီးဌာန ကုသရေးဌာနမှ ညွှန်ကြားရေးမှူးက သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းပို့ချပေးသည့် ဆရာကြီး ဦးပေါညိမ်းက  နှုတ်ဆက်အမှာစကား ပြောကြားခဲ့ကာ သင်တန်းသား၊/သင်တန်းသူများကိုယ်စား သင်တန်းသူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး သင်တန်းပို့ချပေးခဲ့သည့် ဆရာကြီး ဆရာမကြီးများအား ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ကာ ထူးချွန်သင်တန်းသား တစ်ဦးအား ဆုချီးမြှင့်၍ သင်တန်းသား/ ကျောင်းသူ(၂၀)ဦးတို့ကို သင်တန်းဆင်း လက်မှတ်များ ပေးအပ်ပါသည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် ဂရိတ်ဝေါတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၊ ကံသာ တိုင်းရင်း ဆေးတိုက်၊ ရွှေမန်းတောင် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၊ မောရိယ တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးတို့မှ သင်တန်းသား/ သင်တန်းသူ (၂၀)ဦး တို့အား  ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်ခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်