the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံမှ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ပဲခူးတိုင်းဒေသကြီး တိုင်းဒေသကြီး ဦးစီးဌာနမှူး၏လမ်းညွှန်မှူ့ဖြင့် (၁၇-၈-၂၀၂၅)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး တိုင်းဦးစီးမှူးရုံး၊ ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံ၊ ခရိုင်တိုင်းရင်းဆေး‌မှူးရုံး၊ ပဲခူးမြို့နယ်တိုင်းရင်းဆေး‌ကုဌာန၊ မြန်မာနိုင်ငံ တိုင်းရင်းဆေး‌ ဆရာအသင်းခွဲ (ပဲခူး)တို့ပူးပေါင်း၍ ပဲခူးမြို့၊ပုဏ္ဏားစုရပ်ကွက်တွင် ကျား(၄၀)ဦး၊မ(၁၃၁)ဦး၊ စုစုပေါင်း (၁၇၁) ဦး တို့အား ကွင်း‌ဆင်း‌ဆေးကုသခြင်းဆောင်ရွက်ခဲ့ပြီး ‌ပဲခူးခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံအုပ် ဦးအောင်စိုးလွင်မှ တိုင်းရင်းဆေးပညာဖြင့် ပြည်သူလူထုအားကျန်းမာရေးစောင့်ရှောက်မှုနှင့် ဘေးအန္တရာယ်ကင်းအစွမ်းထက် မြန်မာ့တိုင်းရင်းဆေးများအကြောင်း သိကောင်းစရာများကိုအသိပညာပေး ဟောပြောခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း