ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ပဲခူးတိုင်းဒေသကြီး တိုင်းဒေသကြီး ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ၁၅-၈-၂၀၂၅ရက်နေ့တွင် ပဲနွယ်ကုန်းမြို့ တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အမာကြည်နှင့် ဆေးခန်းအကူ ဒေါ်အိမ့်ကြည်ဖြူတို့သည် ပဲနွယ်ကုန်းမြို့၊ တတ်သင်ရပ်ကွက်အလယ်တန်းကျောင်းခွဲသို့သွားရောက်၍ ကျောင်းကျန်းမာရေးကွင်းဆင်းဆောင်ရွက်ခဲ့ရာ ကျောင်းသား/ကျောင်းသူ ၁၂၃ဦးအား တွဲဖက်မစားသင့်သော အစားအစာများအကြောင်းနှင့် ပင်စိမ်းပင်အသုံးဝင်ပုံအကြောင်းဟောပြောခဲ့ပြီး ကျောင်းသား၁၄ဦးနှင့် ကျောင်းသူ ၂၂ ဦး တို့ အား တိုင်းရင်းဆေးဖြင်ံ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။