ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး(ကုသရေး)နှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တိုင်းဦးစီးဌာနမှူးတို့၏ လမ်းညွှန်မှုဖြင့် ဥတ္တရခရိုင် တပ်ကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၁၄-၈-၂၀၂၅ ရက်နေ့တွင် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ဖြူဖြူလွင်နှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်နွယ်ရစ်ကျေးရွာ သို့ သွားရောက်၍ ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်ခဲ့ရာ လူနာဦးရေ စုစုပေါင်း ၃၈ဦး ကို တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ရာ သွေးတိုးရောဂါနှင့် အရိုးကျီးပေါင်းရောဂါတို့ကို အများဆုံးကုသပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။