ရှမ်းပြည်နယ်၊ မိုးနဲမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၁၄-၈-၂၀၂၅) ရက်နေ့တွင် မြို့နယ် တိုင်းရင်း ဆေးမှူး ဦးမျိုးသူလွင် ဦးဆောင်သောအဖွဲ့သည် မိုးနဲမြို့ အ.လ.က မြို့မ ကျောင်းတွင် ကျောင်းကျန်းမာရေးဆောင်ရွက်ခဲ့ရာ ကျောင်းသား (၄၇)ဦး၊ ကျောင်းသူ (၇၇)ဦး၊ စုစုပေါင်း (၁၂၄)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။