ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး(ကုသရေး)နှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တိုင်းဦးစီးဌာနမှူးတို့၏ လမ်းညွှန်မှုဖြင့် (၁၄-၀၈-၂၀၂၅) ရက်နေ့တွင် ဥတ္တရခရိုင်တပ်ကုန်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်း ဆေးမှူး ဒေါ်ဖြူဖြူလွင်နှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်နွယ်ရစ်ကျေးရွာသို့ ကွင်းဆင်းဆေး ကုသခြင်း ဆောင်ရွက်ခဲ့ရာ လူနာဦးရေ စုစုပေါင်း (၃၈)ဦး ကို တိုင်းရင်းဆေးပညာ ဖြင့်ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး သွေးတိုးရောဂါနှင့် အရိုးကျီးပေါင်းရောဂါတို့ကို အများ ဆုံးကုသပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။