ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ခရိုင်၊ မြို့နယ်တိုင်းရင်းဆေးမှူးတို့သည် (၁၂-၈-၂၀၂၅) ရက်နေ့တွင် မြို့နယ်စားသုံး သူရေးရာ ဦးစီးဌာနနှင့်ပူးပေါင်း၍ မအူပင်မြို့ အထက (၂)၊ ပညာရတနာခန်းမ၌ “မိုးရာသီတွင် အဖြစ်များ သောဝမ်းပျက်၊ ဝမ်းလျောရောဂါအကြောင်းကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၇၅)ဦးအား အသိပညာပေးဟောပြောခဲ့ပြီး မူလတန်းအဆင့် ကျောင်းသား၊ကျောင်းသူ များအား ကျောင်းကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်ပေးခဲ့ရာ စုစုပေါင်း (၅၇)ဦး အား တိုင်းရင်းဆေး ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။