ရန်ကုန်တိုင်းဒေသကြီး၊ ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ် ဒေါ်ယဉ်ယဉ်မြင့် ဦးဆောင်၍ (၁၂.၈.၂၀၂၅)ရက်နေ့တွင် တိုင်းရင်းဆေးမှူး ဒေါ်ချောစုဝင်း၊ အလုပ်သင်ဆရာ၊ဆရာမများနှင့် အကြီးတန်း လက်နှိပ်စက် ဒေါ်နီနီအောင် တို့ ပါဝင်သော အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ အောင်မြေသုခဘုန်းတော်ကြီးကျောင်းသို့ တွင်သွားရောက်၍ ကွင်းဆင်းဆေးကုသခဲ့ရာလူနာစုစုပေါင်း(၁၅၇)ဦး အား ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပါသည်။
ကျန်းမာရေးအသိပညာပေးဟောပြောခြင်းအနေဖြင့် ဒုဆေးရုံအုပ် ဒေါ်ယဥ်ယဥ်မြင့်မှသွေးလွန် တုပ်ကွေးရောဂါ မဖြစ်အောင် ကြိုတင်ကာကွယ်ခြင်းခေါင်းစဥ်ဖြင့်အသိပညာပေးဟောပြောရာ စုစုပေါင်း လူဦးရေ(၁၂၀)ဦး တက်ရောက်ပါသည်။
ထို့နောက် လှူဒါန်းဆေးဝါးများဖြစ်ကြသော ရုပ်ပျိုတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၊ မှန်ချိုတိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး နှင့် ရွှေရည်ဝင်းပတ္တမြားတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးနှင့်ရွှင်ပြုံးတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးတို့မှ ဆေးဝါးများအား လှူဒါန်းခဲ့ကြပါသည်။