ကျန်းမာရေးဝန်ကြီးဌာနတိုင်းရင်းဆေးပညာဦးစီးဌာနရုံးချုပ်နှင့် ပဲခူးတိုင်းဒေသကြီးဦးစီးဌာနမှူးတို့၏လမ်းညွှန်မှုဖြင့် (၁၆)ခုတင်ဆံ့တို င်းရင်းဆေးရုံမှ (၁၂-၈-၂၀၂၅)ရက်နေ့တွင် ဒုတိယဆေးရုံအုပ် ဒေါ်စိုးလက်မီ ၊အကြီးတန်းစာရေး ဒေါ်မြစန်းအေးနှင့် ဒုလထကွန်ပျူတာလုပ်ဆောင်ရေးမှုး ဦးသန့်ဇင်တို့သည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ အလက(ခွဲ) ထန်းကုန်းကျောင်း၌ ကျောင်းကျန်းမာရေးကွင်းဆင်းဆေးကုသခြင်းနှင့် ရာသီတုပ်ကွေးရောဂါအကြောင်း ဟောပြောခြင်းဆောင်ရွက်ခဲ့ရာ ဟောပြောပွဲတက်ရောက်သူ (၁၀၀)ဦးရေနှင့် ကျောင်းသား/ကျောင်းသူ (၈၂)ဦးအားကွင်းဆင်းဆေးကုသခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။