ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ၁၁.၈.၂၀၂၅ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သူဇာလွင်သည် ရွှေမှော်ဝန်းဖားအောက်တောရကျောင်းရှိ သီလရှင်ဆရာလေး အပါး(၂၀) ယောဂီမ(၅)ဦး စုစုပေါင်း(၂၅)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။
တိုင်းရင်းဆေးဝါး မှတ်ပုံတင်ခြင်းဆိုင်ရာ
တိုင်းရင်းဆေးသုတေသန
တိုင်းရင်းဆေးရုံ
မြန်မာ့တိုင်းရင်းဆေးကျမ်းများ