ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန ရခိုင်ပြည်နယ်မှ ပြည်နယ်ဦးစီးဌာနမှူးနှင့် စစ်တွေမြို့ ခုတင် (၅၀)ဆံ တိုင်းဆေးရုံအုပ်တို့ ပါဝင်သောအဖွဲ့သည် ၉.၈.၂၀၂၅ ရက်နေ့ နေ့လယ် ၁း၀၀ နာရီမှ ၄း၀၀ နာရီထိ ယာယီ နေရပ်စွန့်ခွါပြည်သူများစုရပ်ဖြစ်သော တေဇာရာမ ကမ္မဌာန်းကျောင်းသို့ သွားရောက်ကွင်းဆင်း၍ လူနာဦးရေ စုစုပေါင်း (၁၀၀) ဦး တို့ကို တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။