ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၉.၈.၂၀၂၅ ရက်နေ့တွင် ဒေါ်နွယ်နွယ်ဦးသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့်ပူးပေါင်း၍ ( အ.မ.က)မူလွန်ကျောင်း တလုတ်ထော်ကျေးရွာသို့ သွားရောက်ခဲ့ပြီး ကျောင်းသား၊ကျောင်းသူ(၁၂၀)ဦးတို့အား "လက်တစ်ကမ်းရှိ တိုင်းရင်းဆေးအသုံးဝင်ပုံ"အကြောင်းအသိပညာပေးဟောပြောခဲ့ပြီး ကျားလူကြီး(၁၅)ဦး၊ ကျားကလေး( ၁၈)ဦး မလူကြီး(၂၂)ဦး၊ မကလေး (၂၅)ဦး စုစုပေါင်း(၈၀)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။