ရှမ်းပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ခုတင် ၅၀ဆံ့ တိုင်းရင်းဆေးရုံမှ ၉.၈.၂၀၂၅ ရက်နေ့တွင် တိုင်းရင်းဆေးဆရာမများသည် ပြည်နယ်ကုသရေးဦးစီးဌာန၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး၊ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးတို့မှ အထူးကုသမားတော်များနှင့်အတူ ပအိုဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊စံဖူးကျေးရွာနှင့် မဲနယ်တောင်ဒေသတို့သို့ သွားရောက်၍ ဒေသခံ တိုင်းရင်းသားပြည်သူများကို ကျန်းမာရေးစောင့်ရှောက်ခဲ့ရာ ကျား၃၅ဦး၊မ ၁၃၆ဦး၊ စုစုပေါင်း ၁၇၁ ဦးအားတိုင်းရင်းဆေးဖြင့်ကျန်းမာရေး စောင့်ရှောက်ခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။