ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာနရုံးချုပ်နှင့် ပဲခူးတိုင်းဒေသကြီး ဦးစီးဌာနမှူးတို့၏ လမ်းညွှန်မှု ဖြင့် ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၈-၈-၂၀၂၅)ရက်နေ့တွင် မြို့နယ်ဆေးခန်းမှူး ဒေါ်ခင်သိန်းရီသည် ပေါက်ခေါင်းမြို့နယ် ရွာသစ်ကျေးရွာသို့သွားရောက်၍ ကျား ( ၁၄)ဦး မ ( ၁၉)ဦး စုစုပေါင်း (၃၃)ဦး အားကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခဲ့ပြီး လူနာ(၃၃)ဦးအားအစာမကြေရောဂါအကြောင်း ပညာပေးဟောပြောခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။