ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၈.၈.၂၀၂၅)ရက်နေ့တွင် လက်ထောက်တိုင်းရင်းဆေးမှူးဒေါ်အေးမြတ်စိုးသည် ကွမ်းခြံကုန်းမြို့နယ်၊ အောင်မင်္ဂလာကျောင်းတိုက်၌ ကျား (ကလေး)၂၃ဦးအား "ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း" ဟောပြောခဲ့ပြီး ကျား(လူကြီး) ၇ဦး၊ ကျား (ကလေး)၁၅ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။