ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၁၁-၈-၂၀၂၅) ရက်နေ့တွင် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုးသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ကွမ်းခြံကုန်းမြို့နယ် အင်္ဂလုံးကျေးရွာ အ.မ.က ရန်ကြီးအောင်တွင် ကျောင်းသား၊ကျောင်းသူ (၁၈၃)ဦးအား “သွေးလွန်တုပ်ကွေး ရောဂါ အကြောင်း” ဟောပြောခဲ့ပြီး လူကြီး (မ) (၅) ဦး၊ ကလေး (ကျား) (၇၁) ဦး၊ ကလေး (မ) (၆၅) ဦး၊ စုစုပေါင်း (၁၄၁) ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။