တိုင်းရင်းဆေးပညာဦးစီးဌာန (ရုံးချုပ်)၏လမ်းညွှန်မှု၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှု ဖြင့် (၁၆) ခုတင်ဆံ့တိုင်းရင်းဆေးရုံ၊ ကြို့ပင်ကောက်မြို့မှ (၁၁-၈-၂၀၂၅) ရက်နေ့တွင် ဒုတိယဆေးရုံအုပ် ဒေါ်ဆွေဇင်ဖြိုး၊ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အိအိခင်နှင့် စာရေး ဝန်ထမ်း(၃)ဦးတို့သည် ရွှေကြို့မြေဘိုးဘွားရိပ်သာသို့ ကွင်းဆင်းဆေးကုသခဲ့ရာ ကျား (၁၂) ဦး၊ မ (၁၃) ဦး၊ လူနာဦးရေ စုစုပေါင်း (၂၅) ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။