ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန( ရုံးချုပ်)နှင့် ပဲခူးတိုင်းဒေသကြီး၊ တိုင်းဒေသကြီး ဦးစီးဌာနမှူး၏ လမ်းညွှန်မှုကိုခံယူ၍ ရွှေကျင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ(၇-၈-၂၀၂၅)ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အိမွန်ဦးနှင့် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးသူသူဝင်းသည် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ရွှေကျင်မြို့နယ် ရှမ်းကြေးရပ်ကွက်အ.မ.က(လွန်) ရှမ်းကြေး ကျောင်းသို့သွားရောက်၍ ကျောင်းကျန်းမာရေးသွားရောက်စစ်ဆေးခဲ့ရာ ကျား(၉)ဦး၊ မ (၁၆)ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၂၅)ဦးအားတိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။