ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ တိုင်းရင်းဆေးပညာဦးစီးဌာနမှ (၅.၈.၂၀၂၅) ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်မြင့်၊ ဆေးရုံအုပ် ဒေါ်ဥမ္မာအေး၊ စားသုံးသူရေးရာဦးစီးဌာနနှင့် စည်ပင်သာယာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများအဖွဲ့သည် စျေးကွက်စစ်ဆေး စောင့်ကြည့်ခြင်းလုပ်ငန်းအတွက် မြို့ပေါ်ရှိ တိုင်းရင်းဆေးအရောင်းဆိုင်များသို့ ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။