မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့ (၁၆)ခုတင်ဆံတိုင်းရင်းဆေးရုံမှ (၆.၈..၂၀၂၅) ရက်နေ့တွင် ဒုတိယဆေးရုံအုပ် ဒေါ်သက်နှင်းဦး၊ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်စုစုမျိုးမင်း ရုံးအကူ ဒေါ်မျိုးမျိုးအေး တို့ ပါဝင်သော အဖွဲ့သည် ရှမ်းပွဲရပ် သတိပဋ္ဌာန် တရားစခန်းသို့ သွားရောက်၍ ကျားလူကြီး ၁၂ဦး မလူကြီး ၉၃ဦး စုစုပေါင်း ၁၀၅ ဦးအား ကြပ်ထုပ်ထိုးခြင်း ဆေးစည်းကပ်ခြင်း သောက်ဆေးလိမ်းဆေးများပေး၍ ကွင်းဆင်း ဆေးဝါးကုသမှု ပေးခြင်းများဆောင်ရွက်ခဲ့ပါသည်၊၊
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။