ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ခရမ်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၅.၈.၂၀၂၅)ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်လှမြတ်ထက်သည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန၊ မြို့နယ် စားသုံးသူရေးရာဌာနနှင့်ပူးပေါင်း၍ အမက-ချဉ်ပေါင်ခြံ စာသင်ကျောင်း၌ ကျောင်းသားကျောင်းသူ (၁၇၀)ဉီးအား လူငယ်နှင့်ကျန်းမာအောင်နေထိုင်နည်းများအကြောင်း ဟောပြောပြီး လူကြီး- မ(၆)ဦး၊ ကလေး- ကျား(၂၅)ဦး၊ က လေး-မ( ၉)ဦး စုစုပေါင်း(၄၀)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။