တိုင်းရင်းဆေးပညာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁.၈.၂၀၂၅)ရက်နေ့ နံနက်(၁၀း၀၀)နာရီတွင် မြို့နယ်တိုင်းရင်းဆေးမှူး ဦးဇေယျာမင်းအောင်နှင့်အဖွဲ့သည် ပညာစက္ကာရာမကျောင်းတိုက်၌ ဥပုသ်သီလဆောက်တည်သူအမျိုးသား(၅)ဦး၊ အမျိုးသမီး(၃၀)ဦး၊ စုစုပေါင်း လူနာ (၃၅)ဦးတို့အား တိုင်းရင်းဆေးဖြင့်ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။