ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၃၁-၇-၂၀၂၅)ရက်နေ့၊ နံနက်(၁၀)နာရီတွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မေသန်းမြင့်ထွေး ဦးဆောင်သော ကွင်းဆင်းဆေး ကုသရေးအဖွဲ့သည် (အလုံမြို့နယ်၊ အ.မ.က(၄)ကျောင်း ၌ ကျောင်းသားကျောင်းသူ (၁၂၀)ဦးအား " သွေးလွန်တုပ်ကွေးရောဂါအကြောင်း" ပညာပေးဟောပြောခြင်း၊ ကျောင်းဆေးခန်းသုံးရန် တိုင်းရင်းဆေးဝါးများ ပေးအပ် လှူဒါန်းခြင်း၊ဆရာ/ဆရာမများနှင့်ကျောင်းသား၊ကျောင်းသူစုစုပေါင်း(၃၈)ဦး၊ မ(၆၂)ဦး၊ စုစုပေါင်း (၁၀၀)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။