အခမ်းအနားသို့ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ခုတင် ၁၀၀ဆံ့ တိုင်းရင်းဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ်နှင့် ဆရာ၊ဆရာမများ၊ နေပြည်တော် တိုင်းရင်းဆေးတိုင်းဦးစီးဌာနမှုး၊ သင်တန်းဆရာကြီးများ၊ သင်တန်းသား/သူများ၊ ဖိတ်ကြားထားသော ဧည့်သည်နော်များတက်ရောက်ကြပါသည်။
အဆိုပါ သင်တန်းသို့ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်၊ နေပြည်တော်နှင့် ခုတင်၁၀၀ဆံ့ တိုင်းရင်းဆေးရုံ (မန္တလေး၊နေပြည်တော်)တို့မှ သင်တန်းသား/သူ (၂၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလ မှာ (၁၄)ရက်ဖြစ်ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။