တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)၏ စီမံကွပ်ကဲမှုဖြင့် နေပြည်တော် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီးမှ ကွင်းဆင်းဆေးကုသရေးအဖွဲ့ သည် ၁၂-၇-၂၀၂၅ ရက်နေ့တွင် နေပြည်တော်ကောင်စီရုံးဝင်းရှိ ဇမ္ဗူသီရိမြို့နယ် တိုင်းရင်းဆေးကုဌာနခွဲသို့ နံနက်(၈)နာရီမှ နေ့လည်(၁၂)နာရီထိကွင်းဆင်းဆေးကုသခဲ့ရာ ကျား (၁၈)ဦးနှင့် မ(၄၄)ဦး စုစုပေါင်း လူနာဦးရေ(၆၂)ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ပြီး ကွင်းဆင်းဆေးကုရာ နေရာသို့ တိုင်းရင်းဆေးပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ၊ဒုတိယညွန်ကြားရေးမှူးချုပ်၊ညွန်ကြားရေးမှူး ကုသရေး တို့က လာရောက်၍လို အပ်သည်များပံ့ပိုးဆောင်ရွက်ခဲ့ပါကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။