ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရုံးချုပ်နှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တိုင်းဦးစီးဌာနမှူးတို့၏ လမ်းညွှန်မှုဖြင့် ဒက္ခိဏခရိုင်အေလာ၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ နယ်တိုင်းရင်းဆေးမှူး ဒေါ်သန္တာဝင်း သည် (၁၂. ၇. ၂၀၂၅)ရက်၊ စနေနေ့တွင် လယ်ဝေးမြို့နယ်၊ "ပိတောက်ချောင်ကျေးရွာ" သို့ သွားရောက်၍ ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်ခဲ့ရာ လူနာဦးရေ ကျား ၁၇ ဦး မ. ၁၉ ဦး စုစုပေါင်း ၃၈ ဦးကို တိုင်းရင်းဆေးပညာဖြင့်ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်းနှင့် အများဆုံး ကုသပေးခဲ့သော ရောဂါမှာ အရိုးအဆစ်ရောင်ရမ်းနာ (ဒူ၊ ခါး၊ဇက်)ရောဂါဖြစ်ပါကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။