ရှမ်းပြည်နယ် တောင်ကြီးမြို့ ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံ အေးသာယာမှ ၁၀.၇.၂၀၂၅နေ့တွင် ဒုတိယဆေးရုံအုပ်နှင့် ဆရာ ဆရာမ(၈)ဦးတို့သည် ရွှေညောင်မြို့နယ် အောင်သပြေရပ်ကွက် မိုးကုတ်ရိပ်သာတရားစခန်းသို့ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခဲ့ရာ ကျားလူကြီး(၁၈)ဦး၊ မလူကြီး(၈၅)ဦး၊ စုစုပေါင်း (၁၀၃)ဦး တို့ကို တိုင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။