ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ(၂၇.၆.၂၀၂၅)ရက်နေ့တွင် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုးသည် ကွမ်းခြံကုန်းမြို့နယ် အ.မ.က တောင်ဘက်ပိုင်း၌ ကျောင်းသား၊ကျောင်းသူ (၅၀)ဦးတို့အား “ဝမ်းပျက်၊ ဝမ်းလျှောရောဂါအကြောင်း” ကျန်းမာရေးအသိပညာပေး ဟောပြောခဲ့ပြီး လူကြီး မ (၂)ဦး၊ ကလေး ကျား (၄၁) ဦး၊ ကလေး မ (၃၆)ဦး စုစုပေါင်း (၇၉)ဦး တို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။