မန္တလေးခရိုင်တိုင်းရင်းဆေးမှူး ဒေါ်နွယ်နွယ်ကြည် ဦးဆောင်၍ ၁၈-၆-၂၀၂၅ ရက်နေ့ နံနက် (၈)နာရီမှ နေ့လည် (၁၂)နာရီအထိ သဘာဝဘေးဒဏ်သင့် ပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် ချမ်းမြ သာစည်မြို့နယ် ၁၀၄ လမ်း၊ ၇၈လမ်း/ ၇၉လမ်းကြား ရတနာသီရိကျောင်း၌ ဆေးကုသခဲ့ရာ လူနာ လူကြီးကျား(၁၀)ဦး၊ မ(၃၁)ဦး၊ စုစုပေါင်း(၄၁)ဦး တို့အား ကုသပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။