the republic of the union of myanmar

ministry of health

Department of Traditional Medicine

မိတ္ထီလာခရိုင်နှင့်ပျော်ဘွယ် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် ပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းကုသခြင်း

မိတ္ထီလာခရိုင် တိုင်းရင်းဆေးမှုး ဒေါ်အေးအေးကြူနှင့် ပျော်ဘွယ် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ၁၄.၆.၂၀၂၅ ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အိအိမြတ် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်နုနုအောင်တို့သည် ပျော်ဘွယ်မြို့နယ် မယ်ဇလီအိုင့်ကျေးရွာသို့  သွားရောက်၍ အသိပညာပေးဟောပြောခြင်း ဆေးဝါးကုသမှု ပြုလုပ်ခြင်းများအားဆောင်ရွက်ခဲ့ပြီး ယင်းသို့ဆောင်ရွက်ရာတွင် ခရိုင်တိုင်းရင်းဆေးမှုးဒေါ် အေးအေးကြူက ဝါးပင်၏ဆေးဘက်အသုံးဝင်ပုံကိုဟောပြောရာတွင် တက်ရောက်သူဦးရေမှာ ၈၂ ဦးခန့်ရှိပါသည်။ ဆက်လက်၍ ကျေးရွာလူထုအားတိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်မှုပေးရာ ကျားလူကြီး ၁၇ ဦး မလူကြီး ၄၁ ဦး ကျားကလေး ၂ဦး စုစုပေါင်း ၆၀ ဦးအားဆေးဝါးကုသပေးနိုင်ခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း