the republic of the union of myanmar

ministry of health

Department of Traditional Medicine

နေပြည်တော် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံမှ ဇေယျာသီရိမြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့ နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

နေပြည်တော် ခုတင်(၁၀၀)ဆံ့တိုင်းရင်း​ဆေးရုံမှ ၁၅-၆-၂၀၂၅ ရက်​နေ့တွင် ကွင်းဆင်း​ဆေးကုသ ရေးအဖွဲ့သည် ​ဇေယျာသီရိမြို့နယ် ကျည်တောင်​ကျေးရွာသို့သွားရောက်၍ နံနက်(၈)နာရီမှ ​နေ့လည်(၁၂)နာရီအထိကွင်းဆင်း​ဆေးကုသခဲ့ရာ ကျား (၄၉)ဦးနှင့် မ(၁၁၃)ဦး စုစု​ပေါင်း အများပြည်သူ (၁၆၂)ဦးတို့အား ကျန်းမာ​ရေး​စောင့်ရှောက်မှု​ပေးနိုင်ခဲ့ပြီး ကွင်းဆင်း​ဆေးကုသရာ နေရာသို့ ​ဇေယျာသီရိ မြို့နယ် အမျိုးသမီး​ရေးရာအဖွဲ့ ၊မြို့နယ်မိခင်နှင့်ကလေး​စောင့်​ရှောက်​ရေးအသင်း ဥက္ကဌ နှင့်အဖွဲ့ဝင်များကလာ​ရောက်၍ လိုအပ်သည်များပံ့ပိုး​ဆောင်ရွက်ခဲ့ပါ​ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း