ရန်ကုန်တိုင်းဒေသကြီး၊ ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၊ ရန်ကုန်မှ (၁၂.၆.၂၀၂၅)ရက်နေ့တွင် ဒုတိယဆေးရုံအုပ် ဒေါ်ယဉ်ယဉ်မြင့် ဦးဆောင်၍ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်မေသွေးကို ဒုတိယတိုင်းရင်းဆေးမှူး၊ ဒေါ်ဝင်းဝင်းသန်းနှင့် ဒေါ်နီနီအောင် အကြီးတန်းလက်နှိပ်စက်တို့ ပါဝင်သောအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာသို့ သွားရောက်၍ ကွင်းဆင်းဆေးကုသ ခဲ့ရာ လူနာစုစုပေါင်း (၉၉)ဦးအား ဆေးဝါးကုသစောင့်ရှောက်မှု ပေးခဲ့ပါသည်။ ထို့နောက် လှူဒါန်းဆေးဝါးများဖြစ်ကြသော မှန်ချိုတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၊ ရွှေနှစ် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၊ ရွှေရည်ဝင်း ပတ္တမြား တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးတို့မှ ဆေးဝါးများ လှူဒါန်းပေးအပ်ခဲ့ပါသည်။