တိုင်းရင်းဆေးပညာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်ရေးကြီးကြပ်မှုကော်မတီနှင့် ရွှေဘိုခရိုင်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ ၁၃.၆.၂၀၂၅ ရက်နေ့တွင် တိုင်းရင်းဆေးပညာအသိပညာပေး ဟေားပြေားပွဲကျင်းပခဲ့ရာ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အဖွဲ့များနှင့်လူနာ စုစုပေါင်း ၄၂ ဦးတို့ကို ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ခင်ခင်သဲက ကျန်းမာစေရန် နေထိုင်နိုင်ရေးနည်းလမ်းကောင်းများနှင့် မိုးရာသီတွင်ဖြစ်ပွားတတ်သောရောဂါများကို အသိပညာပေး ဟောပြေားခဲ့ပြီး ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုကော်မတီအဖွဲ့မှ ဟောပြောပွဲ တက်ရောက် သူများကို အဟာရဒါနကျွေးမွေးလှူဒန်းခဲ့ကြပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

