ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၁၃.၆.၂၀၂၅ ရက်နေ့ နံနက်၉း၀၀နာရီတွင် မြို့နယ်တိုင်းရင်းဆေးမှူးဒေါ်စောကလျာမျိုးသည် တောင်ဥက္ကလာပမြို့နယ် ၅ရပ်ကွက်၌ သွေးတိုးရောဂါအကြောင်း အသိပညာပေးဟောပြောပြီး ကွင်းဆင်းဆေးကုသမှုပြုလုပ်ရာ လူနာကျား ၉ဦး၊ မ ၁၂ဦး၊ စုစုပေါင်း၂၁ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။