တိုင်းရင်းဆေးပညာဦးစီးဌာန ရုံးချုပ်နှင့် ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီး ဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် (၂၅)ခုတင်ဆံ့တိုင်းရင်းဆေးရုံပြည်မြို့မှ ဒုတိယတိုင်းရင်းဆေးမှူးဒေါ်မြတ်မှူးခင်နှင့် အငယ်တန်းစာရေး ဒေါ်ဝေမာလွင်သန်း တို့သည်(၁၃.၆.၂၀၂၅)ရက်နေ့တွင် ပြည်မြို့ သုခရာမ ကျောင်းတိုက်တွင် ကျား(၁၈)ဦး၊ မ(၇)ဦး၊ စုစုပေါင်း(၂၅)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေး၍ မိုးရာသီ၌ဆောင်ရန် /ရှောင်ရန် အချက်အလက်များအား အသိပညာပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။