ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်မှ (၁၃.၆.၂၀၂၅)ရက်နေ့တွင် အ.မ.က.မူလွန် (ဒေးဒနော)ကျောင်း၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဌာန၊ မြို့နယ်ပညာရေးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအသင်းတို့နှင့် ပူးပေါင်း၍ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် လူငယ်ရေးရာအသိပညာပေး ဟောပြောခြင်းများကို ကျင်းပပြုလုပ်ရာ ကွမ်းခြံကုန်းမြို့နယ်တိုင်းရင်းဆေးကုဌာန၊ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုးမှ ကျောင်းသား/ကျောင်းသူ(၁၅၈)ဦးအား သွေးလွန်တုပ်ကွေး ရောဂါအကြောင်း ဟောပြောပြီး လူကြီး ကျား(၈)ဦး၊ လူကြီး မ (၂)ဦး၊ ကလေး ကျား(၂၈)ဦး၊ ကလေး မ(၃၁)ဦး စုစုပေါင်း(၆၉)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

