the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ပညာပေးဟောပြောခြင်း

ကျန်းမာရေး၀န်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာ ဦးစီးဌာနမှုး၏ လမ်းညွှန်မှုဖြင့် ညောင်လေးပင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၃.၆.၂၀၂၅) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှုး  ဒေါ်ခင်သိန်းဌေးဦးနှင့် လက်ထောက်တိုင်းရင်းဆေးမှုး ဦးငြိမ်းမောင်မောင် ဦးဆောင်သောအဖွဲ့နှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ညောင်လေးပင် မြို့နယ် အာဆီယံဆေးရုံရပ်မူလွန်ကျောင်းတွင် ပညာပေးဟောပြောနှင့်ကွင်းဆင်းကုသမှုဆောင်ရွက်ခဲ့ရာ မိုးရာသီ၌ဖြစ်တတ်သောရောဂါများနှင့်သွေးလွန်တုတ်ကွေးရောဂါအကြောင်းအားပညာပေးဟောပြောရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၈၀)ဦးအား ပညာပေးဟောပြောခဲ့ပြီး ကျား(၃၃)ဦး၊ မ(၄၅)ဦး၊ စုစုပေါင်း(၇၈)ဦးအား ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း