မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းခရိုင် တိုင်းရင်းဆေးကုဌာနမှ ၁၂.၆.၂၀၂၅ ကြာသာပတေးနေ့ နံနက် ၉နာရီ မှ ၁၁နာရီ အထိ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်သိမ့်သိမ့်ဖြိုး နှင့် အကြီးတန်းစာရေး ဒေါ်ခင်မေသက် တို့သည် ဈေးကွက်သစ် အမကကျောင်း၌ ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ကလေးလူနာ ကျား၂၃ဦး မ၂၅ဦး စုစုပေါင်း ၄၈ဦး တို့အား ပုံမှန်ကွင်းဆင်း ဆေးကုသပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။