တိုင်းရင်းဆေးပညာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင် တိုင်းရင်းဆေးကုဌာနမှ ၁၁.၆.၂၀၂၅ ရက်နေ့ တွင် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဥမ္မာလွင်ဦးဆောင်၍ သဘာဝဘေး(ငလျင်) ကယ်ဆယ်ရေးစခန်း နှစ် ၇၀၀ ကွင်း၌ ကွင်းဆင်းဆေးကုသခြင်းဆောင်ရွက်ခဲ့ရာ လူနာ ကျား ၁ ဦး၊ မ ၁၉ ဦး စုစုပေါင်း ၂၀ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုဆေးဝါးကုသပေးနိုင်ခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။