တိုင်းရင်းဆေးပညာဦးစီးဌာန( ရုံးချုပ်) နှင့် ပဲခူးတိုင်းဒေသကြီး တိုင်းဒေသကြီးဦးစီးဌာနမှူးတို့ ၏လမ်းညွှန်မှုတို့ဖြင့် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ၁၀.၆.၂၀၂၅ ရက်နေ့ တွင် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ခင်မျိုးဆွေနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှုး ဦးမောင်မောင်သန့် တို့ပူးပေါင်း၍ ရေတာရှည်မြို့နယ် နတ်ရေတွင်းကျေးရွာ သို့သွားရောက်ကာ ကျား (၁၀)ဦး၊ မ (၃၃ )ဦး၊ စုစုပေါင်း (၄၃) ဦး အား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။