the republic of the union of myanmar

ministry of health

Department of Traditional Medicine

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ (၆-၆-၂၀၂၅) ရက်‌နေ့တွင် ဒုတိယဆေးရုံအုပ် ဒေါ်သက်နှင်းဦး ဦးဆောင်ပြီး ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်သီတာဦး၊ဒေါ်ခိုင်သဇင် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်စုစုမျိုးမင်း၊ ရုံးဝန်ထမ်း ဦးဇေထူးလွင်တို့ ပါဝင်သောအဖွဲ့သည် ပျော်ဘွယ်မြို့နယ် ​  သဘာဝဘေးနှင့် စီမံခန့်ခွဲရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ‌‌သဘာဝဘေးငလျင်ဒဏ်သင့် ရွှေညောင်ဖူးကျေးရွာသို့ ကွင်းဆင်းဆေးကုသ‌ပေးခဲ့ရာ လူနာ (ကျား)လူကြီး (၆၀)‌ဦး၊ (မ)လူကြီး (၈၀)ဦး၊ကျား-ကလေး (၁၆)ဦး မ-ကလေး(၂၀) ဦး စုစုပေါင်း လူနာ (၁၇၆)ဦးအား ကွင်းဆင်းဆေးကုသမှုပေးခြင်းနှင့် မိုးရာသီတွင်ဖြစ်တတ်သောရောဂါများအကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီး ဆေးရုံတက်ရောက် ကုသလိုသည့် လူနာများကိုလည်းဆေးရုံတက်ရောက်ကုသနိုင်ရန်စီစဥ်ပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း